“ယတြာကောင်းလို့ မင်းလောင်းပေါ်လာတော့မည်”

on Friday, March 13, 2009

နေပြည်တော်မှာ ဥပ္ပါတသန္တိစေတီတည်တာ၊ မြို့ပြအင်္ဂါရပ်တွေနဲ့ည်ီညွှတ်အောင်လို့လား ယတြာချေတာလား လို့ BBC ရဲ့လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီစဉ်မှ ဖိတ်ခေါ်သံကို ဗုဒ္ဓဟူးနေ့ ညချမ်းမှာကြားသိခဲ့ရပါသည်။ ရဟန်းတော်တပါးနှင့် လူပုဂ္ဂိုလ်အသီးသီးတို့ရှု့ဒေါင့်မျိုးစုံမှဆွေးနွေးတာကို နားထောင်ရတော့ စေတီတည်တိုင်း၊ ဘုရားတည်တိုင်း

ထေရဝါရနှင့်မကိုက်ညီဘူးဆိုတာသိလိုက်ရတယ်။ ဥပ္ပါတ - ကျရောက်ဆဲ၊ ကျရောက်လတ္တံ၊ ကျရောက်ပြီး ဘေးဥပ္ပါဒ်များကို၊ သန္တိ - ငြိမ်းအေးစေတယ်လို့အဓိပ္ပါယ်သက်ရောက်တဲ့ စေတီဖြစ်ပါတယ်။ ဘေးဥပါဒ်အန္တရာယ် ဆိုတာ သူ့အလိုလိုပေါ်ပေါက်လာတာမဟုတ်ဘူး မိမိတို့ကိုယ်တိုင်ဖိတ်ခေါ်လို့ကျရောက်လာတာ မပြစ်မှားထိုက် သော အနန္တဂိုဏ်းဝင်ပုဂ္ဂိုလ်တွေအပေါ်မှာ ကံသုံးပါးနှင့် ပြစ်မှားပြောဆိုမိတဲ့အတွက် ဘေးဥပါဒ်ကျရောက်လာ ခြင်းဖြစ်တယ် ဗုဒ္ဓလက်ထက်မှာ ဒေဝဒတ်က သံဃာသင်းခွဲတယ်။ သုပ္ပဗုဒ္ဓက မြတ်စွာဘုရားဆွမ်းခံကြွတဲ့လမ်းကို ပိတ်ဆို့ပြီးလာဘ်မရအောင်တားမြစ်တယ်။ စိဉ္စမာဏက ပရိတ်သတ်အလယ်မှာစွပ်စွဲတယ်။ သုန္ဒရီပရဗိုရ်က အထင်မှားအမြင်မှားဖြစ်အောင်လုပ်တယ်။
အဇာတသတ်မင်းက အဖေကို မသေမချင်းသတ်တယ် အဲဒီလိုကံထိုက်အောင် တနည်းအားဖြင့် အကုသိုလ် ကျပ်ပြည့်အောင်အားထုတ်ခဲ့တဲ့အတွက်ကြောင့် ငရဲသို့ အသီးသီးကျခဲ့လေပြီ။ ထိုပုဂ္ဂိုလ်တို့၏ အထုပ္ပတ္တိအပြည့် အစုံကို ဗုဒ္ဓစာပေသမိုင်းမှာအခိုင်အမာအထင်အရှားရှိနေသည်။
မြန်မာနိုင်ငံမှာအယူမှား အမှတ်မှား မိစ္ဆာဓမ္မများ ခေါင်းမြီးခြုံပြီး ကြီးထွားလားနေသည်မှာ လယ်ပြင်မှာဆင်သွား သလို ထင်ရှားနေပြီး သံဃာတော်တွေကို ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချ၊ လူဝတ်လဲ၊ ကံသုံးပါးနှင့်အမျိုးမျိုးစော်ကား ခဲ့တာကို ထေရဝါဒ ဗုဒ္ဓဘာသာဝင်များမှတ်မိကြပေလိမ့်မည်။ သံဃာတော်အရှင်ြ့မတ်တွေရဲ့တုံ့ပြန်မှု့အဖြစ် သပိတ်မှောက်ကံဆောင်ခဲ့ကြသည့်အတွက် အုပ်ချုပ်သူလူတန်းစားများ တစ်နေ့တစ်ခြား တုန်လှုပ်ခြောက်ခြား လာသည်။ သူတို့အပေါ်ကျရောက်လာတဲ့ ဘေးဥပါဒ်အန္တရယ်ကို ကာကွယ်လို့သည့်ဆန္ဒနှင့်အညီ လူဆရာ ရဟန်း ဆရာတို့ထံချဉ်းကပ်၍ ပုန်းအောင်းထောက်တည်ရာ သက်သာရာ ရလိုရငြား အားကိုးရာအစစ် ဘယ်ဟာဖြစ် သည်ဆိုတာကို မသိသည့်အတွက် အပူတပြင်းရှာဖွေခဲ့ရာမှ ရဟန်းဆရာတစ်ပါး၏ ညွှန်ပြသည့်အတိုင်း ဥပ္ပါတ သန္တိစေတီကို ဘေးဆီးရန်ကာသဘောဖြင့် တည်ထားခဲ့ခြင်းဖြစ်လေသည်။
သာသနာတော်ကိုကြည်ညိုလွန်း၍မဟုတ် ထေရဝါရကိုယုံကြည်လွန်း၍မဟုတ် သံဃာတော်အရှင်မြတ်များ၏ အပေါ်၌ မိမိတို့ကျူးလွန်ခဲ့သော အပြစ်ကိုဖုံးကွယ်လို၍ လောကုတ္တရာဉာဏ်ပညာဗဟုသုတ နည်းပါးကုန်သော ပြည်သူလူထုကို လှည့်စားရန်အတွက် တနည်းအားဖြင့် သာသနာပြုတယ်လို့ အထင်ရောက်စေရန် ရည်ရွယ်ပြီး ဘုရားဒါယကာဟန်ဆောင်နေခြင်းဖြစ်သည်။ မိမိတို့ကျူးလွန်ခဲ့သော အပြစ်ကြီးအပြစ်ငယ်အသွယ်သွယ်မှ တကယ်လွတ်မြောက်လိုပါသလား သံဃာတော်အရှင်မြတ်များရဲ့ ရှေ့တော်မှောက်မှာ ဒူးထောက်ပြီးဝန်ချတောင်း ပန်ပါ ဖူးမျော်မာန်လျှော့ ကန်တော့လိုက်ပါ မဟာကြိယာပုည ကုသိုလ်ထူးဖြစ် တိုင်းသူပြည်သားလူအများ၏ စားဝတ်နေရေးကို ပြေလည်အောင် ဆောင်ကြဉ်းပေးလိုက်ပါ မိမိတို့ရဲ့အတ္တမာနတွေကိုခဝါချလိုက်ပါ အလွန်တ ရာမှ ကျက်သရေ မင်္ဂလာအပေါင်းနှင်ပြည့်စုံသော နေ့ထူးနေ့မြတ်ကြီးအဖြစ်သတ်မှတ်ပါလိမ့်မည်။

ဥပ္ပါတသန္တိစေတီသည် ဥပ္ပါတသန္တိကျမ်းကို အစွဲပြု၍ မှည့်ခေါ်သော အမည်သညာ ဖြစ်သောကြောင့် ဥပ္ပါတသန္တိ ကျမ်းဆိုတာ ဇင်းမယ် ပဏ္ဏာသမှ ပေါ်ထွက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် သင်္ဂါယနာတင် ကျမ်းတွေထဲမှာ မပါ ဝင်ပါ ထို့ကြောင့် ထေရဝါဒယောင်ဆောင်သောကျမ်းစာအုပ်ဖြစ်သည့်အတွက် သာသနာ့ဝန်ထမ်း ဆရာတော် များ အနေဖြင့် ထေရဝါဒ နှင့်ဆန့်ကျင်သော ၄င်း ဥပ္ပါတသန္တိကျမ်းကို မင်းလိုလိုက်၍ ရွတ်ဆိုရန်မသင့်ပါ အများ ပြည်သူ ဒါယကာ၊ ဒါယိကာမများ ကိုလည်း စနစ်တကျ ထေရဝါဒ နှင့်ဆန့်ကျင်ကြောင်း ဟောဖော်ညွှန်ပြသင့်လှ ပါသည်။ ဗုဒ္ဓသားတော်များပီပီ တညီတညွတ်တည်း ဆန့်ကျင်ကြောင်း ဗုဒ္ဓခေတ် ဝေသာလီပြည်မှာလို အပြော မဟုတ်အလုပ်နှင့် သက်သေပြသင့်ပါသည်။ မြတ်ဗုဒ္ဓရဲ့ ဓမ္မ စွမ်းရည် တို့နှင့် ပြည့်စုံသော ရဟန်းရှင်လူမည်သူမဆို ထိုမိစ္ဆာဓမ္မများဘက်သို့ ယိမ်းယိုင်စရာမလိုတော့ပါ ။
နိဂြောဓ သမဏေသည် အသောကမင်းတရာ၏ နန်းတော်အတွင်းသို့ကြွသွားသောအခါ နှလုံးသားမှာ ဗုဒ္ဓ၏ ဓမ္မ စွမ်းရည် ပြည့်ဝနေသည့်အတွက် အသောကမင်းတရားသည် နိဂြောဓ သမဏေ၏ ခြေတော်ရင်း ဝပ်စင်းပြီး ထေရဝါဒ သာသနာကို ယုံကြည်သက်ဝင်၍ ဆရာရင်း တပည့်ရင်း ဖြစ်ခဲ့ပြီး ဆရာဒကာလက်တွဲ၍ ဗုဒ္ဓ၏ သာသနာတော်ကို ချီးမြောက်ထောက်ပံ့ လှူဒါန်းခဲ့သည် ပါးစပ်ကထေရဝါဒ လက်ကမိစ္ဆာဓမ္မ ဆိုလျှင်ဒီ့ထက် ဆိုးဝါးတဲ့ ဘေးဥပ္ပါဒ် အန္တရာယ်တွေကျရောက်လိမ့်မည် စေတီတည်ပြီးကြည်ညိုနေတာပဲ ကုသိုလ်ရမှာပေါ့လို့ စောဒကတက်ရန်ရှိသည် ပဉ္စနန္တိယ ကံထိုက်ထားသော အဇာတသတ်မင်းသည် ဗုဒ္ဓကို အလွန်ကြည်ညိုသူ ဖြစ်သည် ကံထိုက်ထားသောမည်သည့်ပုဂ္ဂိုလ်မဆို ဂရုကံမှအပ လဟုကံမှန်သမျှ ပြင်လို့ရသည်၊။ အဇာတဿတ်မင်းသည် ဂရုကံဖြစ်သောကြောင့် ပြင်လို့မရတော့ဘဲ မဟာအဝိစိငရဲသို့ ကျခဲ့သည် ဥပ္ပါတသန္တိစေတီ တည်ထား ကိုးကွယ်တဲ့ ဒါယကာကြီးများရဲ့ကံက အချိန်မှီပြင်လို့ရသေးသည်။ (ပြင်ချင်ရင်ပေါ့) ပြင်နိုင်အောင်လဲကျိုးစားစေချင်သည် ပြင်လိုက်လျှင်တိုင်းပြည်နှင့်လူမျိုး အမျိုး ဘာသာ သာသနာအတွက်ပါ ဂုဏ်တက်သွားလိမ့်မည် အခုတော့ ဥပ္ပါတသန္တိစေတီင်္လည်း ထီးတော်တင်ပွဲပြီးသွားပြီ ဘာတွေဆက်ဖြစ်လာမည် နည်း။ နိုင်ငံတော်အာဏာနှင့် ဆက်စပ်သောသူတို့ရဲ့ ဘုရားတည်နည်းအသီးသီးကို ပြန်လည်ဆန်းစစ် ကြည့်ဖို့လို အပ်လာပြီ။
(၁) ရွေတိဂုံစေတီတော်ရဲ့ထီးတော်ရိပ်အောက်မှာကမ္ဘာအေးစေတီဆိုပြီး တည်ထားခဲ့သည် ထိုကမ္ဘာအေးစေတီ တည်ပြီးသောအခါ ဝန်ကြီးချူပ်ဦးနုအာဏာကိုစွန့်လွှတ်ခဲ့ရသည်။
(၂) ရွှေတိဂုံစေတီတော်နှင့်အပြိုင် မဟာဝိဇယစေတီတော်ကို တည်ထားခဲ့သည် ဦးနေဝင်းနိုင်ငံရေးဇာတ်ခုံမှ ဆင်းသွားရသည်။
(၃) ဗိုလ်ချုပ်စောမောင်လက်ထက် စွယ်တော်စေတီဆိုပြီးပန္နက်ရိုက်အုတ်မြစ်ချ လုပ်ခဲ့သည်။ စွယ်တော်စေတီမ ပြီးခင် ဦးစောမောင်အာဏာလျှောပြီးသေပွဲဝင်ခဲ့ရသည်။
(၄) မင်းဓမ္မကုန်းမြေမှာ ပူဇော်ဖို့အတွက် ကျောက်တော်ကြီးဗုဒ္ဓရုပ်ပွားအပြင် ဆင်နီတော်ပါ အဆစ်ထည့်ပြီးပူ ဇော်ခဲ့သည့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်နေအိမ်အကျယ်ချုပ်နှင့်ကျခံနေရဆဲဖြစ်သည်။
(၅) ၁၃၇၀ ခုနှစ် တပေါင်းလပြည့် (၁၀-၃-၂၀၀၉) အင်္ဂါနေ့မှာ ဥပ္ပါတသန္တိ စေတီတော်ကို ထီးတော်တင်ပူဇော် ခဲ့လေပြီ။
ဥပ္ပါတသန္တိစေတီသည် ရွှေတိဂုံစေတီနှင့် တပုံစံထဲ ခွဲမရအောင်ပုံစံတူတည်ထားတာ ဖြင့်သောကြောင့် မြန်မာ ပြည်အနှံပေါ်ထွက်နေသောအတိတ်တဘောင်နှင့် တိုက်ဆိုင်နေသည်။ (စေတီနှစ်ဆူအသွင်တူ ပြည်သူလဲမွဲ တပ်လဲကွဲတဲ့) ဉာဏ်နီဉာဏ်နက်များပြီးသံဃာတော် အရှင်မြတ်များထံဝန်ချတောင်းပန်မှု့ကိုဝန်လေးနေပြီး ထေရဝါဒနှင့်ဆန့်ကျင်သောမိစ္ဆာဓမ္မများကို ထပ်တလဲလဲပွားများနေအုံးမယ်ဆိုရင်တော့………………………….။


ဘူတဝါဒီ

0 comments:

Post a Comment