Posted by
မိစ္ဆာပယ်ရှင်း ရန်ပုံခွင်း
on
Sunday, June 21, 2009
ဒေါ်အောင်ဆန်းစုကြည်အတွက် Numerology အဟော
လမင်းစန္ဒာနှင့် မာကျူရီ
ဘဝတွင် ကြိုးပမ်းခဲ့သော အသီးအပွင့်များ ခူးဆွတ်မည့်အချိန်ဖြစ်သည်။ အခုအချိန်မှာ အနစ်နာခံကြိုးစားမှုတွေနဲ့ ဆုံးရှုံးခဲ့တဲ့အတွေ့အကြုံတွေထဲက ပေါ်ထွက်လာတဲ့ “ပဒုမ္မာကြာ” ပါဘဲ။ ခံရတုန်းက အလူးအလိမ့်ခံရသလိုအခုလို ကံကောင်းလာတော့လဲ အပြတ်အသတ်ကို ကောင်းတော့မယ်။ ဘယ်လိုလူမျိုးမှ လိုက်လို့မမှီဘူး။ ဘယ်လူမျိုးနဲ့ ယှဉ်လိုက်ယှဉ်လိုက် ကိုယ်ကသာနေလိမ့်မယ်။ အလွန်ကံကောင်းတဲ့နှစ်ဖြစ်တယ်။ မျှော်လင့်မထားပဲတိုးတက်မှု တွေ ရုတ်တရက်ရောက်လာမယ်။ ဒီနှစ်အတွက် အံ့သြရအုန်းမယ်။ ကြိုးစားထားတာတွေအကောင်အထည် ပေါ်ပြီး အောင်မြင်မယ်။ ဒီအချိန်ဟာသင့်ရဲ့အချိန်ဘဲ။ သင်ကောင်းစားမယ့် အလှည့်ဘဲ။ဒုက္ခရဲ့အလှည့်ပြီးသွားပြီ။ လုပ်သမျှအောင်မြင်မယ်။ သင့်အနေနဲ့ လုပ်ငန်းတွေ အရှိန်မြှင့်ပြီးလုပ်သွားရုံဘဲ။ စီးပွားဥစ္စာလဲ အလွန်တိုးတက် လိမ့်မယ်။
ဆရာကြီး မင်းသိင်္ခ၏တပည့်
ဆရာမယမင်းဥမ္မာ
(19.6.2009)
အပြည့်အစုံသို့...
ပြန်ခေါက်ထားရန်...
Posted by
မိစ္ဆာပယ်ရှင်း ရန်ပုံခွင်း
on
Monday, June 8, 2009

Type your summary here
Type rest of the post here
အပြည့်အစုံသို့...
ပြန်ခေါက်ထားရန်...
Posted by
မိစ္ဆာပယ်ရှင်း ရန်ပုံခွင်း
on
Saturday, March 14, 2009

Type your summary here
Type rest of the post here
အပြည့်အစုံသို့...
ပြန်ခေါက်ထားရန်...
Posted by
မိစ္ဆာပယ်ရှင်း ရန်ပုံခွင်း
on
Friday, March 13, 2009
နေပြည်တော်မှာ ဥပ္ပါတသန္တိစေတီတည်တာ၊ မြို့ပြအင်္ဂါရပ်တွေနဲ့ည်ီညွှတ်အောင်လို့လား ယတြာချေတာလား လို့ BBC ရဲ့လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီစဉ်မှ ဖိတ်ခေါ်သံကို ဗုဒ္ဓဟူးနေ့ ညချမ်းမှာကြားသိခဲ့ရပါသည်။ ရဟန်းတော်တပါးနှင့် လူပုဂ္ဂိုလ်အသီးသီးတို့ရှု့ဒေါင့်မျိုးစုံမှဆွေးနွေးတာကို နားထောင်ရတော့ စေတီတည်တိုင်း၊ ဘုရားတည်တိုင်း
ထေရဝါရနှင့်မကိုက်ညီဘူးဆိုတာသိလိုက်ရတယ်။ ဥပ္ပါတ - ကျရောက်ဆဲ၊ ကျရောက်လတ္တံ၊ ကျရောက်ပြီး ဘေးဥပ္ပါဒ်များကို၊ သန္တိ - ငြိမ်းအေးစေတယ်လို့အဓိပ္ပါယ်သက်ရောက်တဲ့ စေတီဖြစ်ပါတယ်။ ဘေးဥပါဒ်အန္တရာယ် ဆိုတာ သူ့အလိုလိုပေါ်ပေါက်လာတာမဟုတ်ဘူး မိမိတို့ကိုယ်တိုင်ဖိတ်ခေါ်လို့ကျရောက်လာတာ မပြစ်မှားထိုက် သော အနန္တဂိုဏ်းဝင်ပုဂ္ဂိုလ်တွေအပေါ်မှာ ကံသုံးပါးနှင့် ပြစ်မှားပြောဆိုမိတဲ့အတွက် ဘေးဥပါဒ်ကျရောက်လာ ခြင်းဖြစ်တယ် ဗုဒ္ဓလက်ထက်မှာ ဒေဝဒတ်က သံဃာသင်းခွဲတယ်။ သုပ္ပဗုဒ္ဓက မြတ်စွာဘုရားဆွမ်းခံကြွတဲ့လမ်းကို ပိတ်ဆို့ပြီးလာဘ်မရအောင်တားမြစ်တယ်။ စိဉ္စမာဏက ပရိတ်သတ်အလယ်မှာစွပ်စွဲတယ်။ သုန္ဒရီပရဗိုရ်က အထင်မှားအမြင်မှားဖြစ်အောင်လုပ်တယ်။အဇာတသတ်မင်းက အဖေကို မသေမချင်းသတ်တယ် အဲဒီလိုကံထိုက်အောင် တနည်းအားဖြင့် အကုသိုလ် ကျပ်ပြည့်အောင်အားထုတ်ခဲ့တဲ့အတွက်ကြောင့် ငရဲသို့ အသီးသီးကျခဲ့လေပြီ။ ထိုပုဂ္ဂိုလ်တို့၏ အထုပ္ပတ္တိအပြည့် အစုံကို ဗုဒ္ဓစာပေသမိုင်းမှာအခိုင်အမာအထင်အရှားရှိနေသည်။မြန်မာနိုင်ငံမှာအယူမှား အမှတ်မှား မိစ္ဆာဓမ္မများ ခေါင်းမြီးခြုံပြီး ကြီးထွားလားနေသည်မှာ လယ်ပြင်မှာဆင်သွား သလို ထင်ရှားနေပြီး သံဃာတော်တွေကို ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချ၊ လူဝတ်လဲ၊ ကံသုံးပါးနှင့်အမျိုးမျိုးစော်ကား ခဲ့တာကို ထေရဝါဒ ဗုဒ္ဓဘာသာဝင်များမှတ်မိကြပေလိမ့်မည်။ သံဃာတော်အရှင်ြ့မတ်တွေရဲ့တုံ့ပြန်မှု့အဖြစ် သပိတ်မှောက်ကံဆောင်ခဲ့ကြသည့်အတွက် အုပ်ချုပ်သူလူတန်းစားများ တစ်နေ့တစ်ခြား တုန်လှုပ်ခြောက်ခြား လာသည်။ သူတို့အပေါ်ကျရောက်လာတဲ့ ဘေးဥပါဒ်အန္တရယ်ကို ကာကွယ်လို့သည့်ဆန္ဒနှင့်အညီ လူဆရာ ရဟန်း ဆရာတို့ထံချဉ်းကပ်၍ ပုန်းအောင်းထောက်တည်ရာ သက်သာရာ ရလိုရငြား အားကိုးရာအစစ် ဘယ်ဟာဖြစ် သည်ဆိုတာကို မသိသည့်အတွက် အပူတပြင်းရှာဖွေခဲ့ရာမှ ရဟန်းဆရာတစ်ပါး၏ ညွှန်ပြသည့်အတိုင်း ဥပ္ပါတ သန္တိစေတီကို ဘေးဆီးရန်ကာသဘောဖြင့် တည်ထားခဲ့ခြင်းဖြစ်လေသည်။
သာသနာတော်ကိုကြည်ညိုလွန်း၍မဟုတ် ထေရဝါရကိုယုံကြည်လွန်း၍မဟုတ် သံဃာတော်အရှင်မြတ်များ၏ အပေါ်၌ မိမိတို့ကျူးလွန်ခဲ့သော အပြစ်ကိုဖုံးကွယ်လို၍ လောကုတ္တရာဉာဏ်ပညာဗဟုသုတ နည်းပါးကုန်သော ပြည်သူလူထုကို လှည့်စားရန်အတွက် တနည်းအားဖြင့် သာသနာပြုတယ်လို့ အထင်ရောက်စေရန် ရည်ရွယ်ပြီး ဘုရားဒါယကာဟန်ဆောင်နေခြင်းဖြစ်သည်။ မိမိတို့ကျူးလွန်ခဲ့သော အပြစ်ကြီးအပြစ်ငယ်အသွယ်သွယ်မှ တကယ်လွတ်မြောက်လိုပါသလား သံဃာတော်အရှင်မြတ်များရဲ့ ရှေ့တော်မှောက်မှာ ဒူးထောက်ပြီးဝန်ချတောင်း ပန်ပါ ဖူးမျော်မာန်လျှော့ ကန်တော့လိုက်ပါ မဟာကြိယာပုည ကုသိုလ်ထူးဖြစ် တိုင်းသူပြည်သားလူအများ၏ စားဝတ်နေရေးကို ပြေလည်အောင် ဆောင်ကြဉ်းပေးလိုက်ပါ မိမိတို့ရဲ့အတ္တမာနတွေကိုခဝါချလိုက်ပါ အလွန်တ ရာမှ ကျက်သရေ မင်္ဂလာအပေါင်းနှင်ပြည့်စုံသော နေ့ထူးနေ့မြတ်ကြီးအဖြစ်သတ်မှတ်ပါလိမ့်မည်။ဥပ္ပါတသန္တိစေတီသည် ဥပ္ပါတသန္တိကျမ်းကို အစွဲပြု၍ မှည့်ခေါ်သော အမည်သညာ ဖြစ်သောကြောင့် ဥပ္ပါတသန္တိ ကျမ်းဆိုတာ ဇင်းမယ် ပဏ္ဏာသမှ ပေါ်ထွက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် သင်္ဂါယနာတင် ကျမ်းတွေထဲမှာ မပါ ဝင်ပါ ထို့ကြောင့် ထေရဝါဒယောင်ဆောင်သောကျမ်းစာအုပ်ဖြစ်သည့်အတွက် သာသနာ့ဝန်ထမ်း ဆရာတော် များ အနေဖြင့် ထေရဝါဒ နှင့်ဆန့်ကျင်သော ၄င်း ဥပ္ပါတသန္တိကျမ်းကို မင်းလိုလိုက်၍ ရွတ်ဆိုရန်မသင့်ပါ အများ ပြည်သူ ဒါယကာ၊ ဒါယိကာမများ ကိုလည်း စနစ်တကျ ထေရဝါဒ နှင့်ဆန့်ကျင်ကြောင်း ဟောဖော်ညွှန်ပြသင့်လှ ပါသည်။ ဗုဒ္ဓသားတော်များပီပီ တညီတညွတ်တည်း ဆန့်ကျင်ကြောင်း ဗုဒ္ဓခေတ် ဝေသာလီပြည်မှာလို အပြော မဟုတ်အလုပ်နှင့် သက်သေပြသင့်ပါသည်။ မြတ်ဗုဒ္ဓရဲ့ ဓမ္မ စွမ်းရည် တို့နှင့် ပြည့်စုံသော ရဟန်းရှင်လူမည်သူမဆို ထိုမိစ္ဆာဓမ္မများဘက်သို့ ယိမ်းယိုင်စရာမလိုတော့ပါ ။ နိဂြောဓ သမဏေသည် အသောကမင်းတရာ၏ နန်းတော်အတွင်းသို့ကြွသွားသောအခါ နှလုံးသားမှာ ဗုဒ္ဓ၏ ဓမ္မ စွမ်းရည် ပြည့်ဝနေသည့်အတွက် အသောကမင်းတရားသည် နိဂြောဓ သမဏေ၏ ခြေတော်ရင်း ဝပ်စင်းပြီး ထေရဝါဒ သာသနာကို ယုံကြည်သက်ဝင်၍ ဆရာရင်း တပည့်ရင်း ဖြစ်ခဲ့ပြီး ဆရာဒကာလက်တွဲ၍ ဗုဒ္ဓ၏ သာသနာတော်ကို ချီးမြောက်ထောက်ပံ့ လှူဒါန်းခဲ့သည် ပါးစပ်ကထေရဝါဒ လက်ကမိစ္ဆာဓမ္မ ဆိုလျှင်ဒီ့ထက် ဆိုးဝါးတဲ့ ဘေးဥပ္ပါဒ် အန္တရာယ်တွေကျရောက်လိမ့်မည် စေတီတည်ပြီးကြည်ညိုနေတာပဲ ကုသိုလ်ရမှာပေါ့လို့ စောဒကတက်ရန်ရှိသည် ပဉ္စနန္တိယ ကံထိုက်ထားသော အဇာတသတ်မင်းသည် ဗုဒ္ဓကို အလွန်ကြည်ညိုသူ ဖြစ်သည် ကံထိုက်ထားသောမည်သည့်ပုဂ္ဂိုလ်မဆို ဂရုကံမှအပ လဟုကံမှန်သမျှ ပြင်လို့ရသည်၊။ အဇာတဿတ်မင်းသည် ဂရုကံဖြစ်သောကြောင့် ပြင်လို့မရတော့ဘဲ မဟာအဝိစိငရဲသို့ ကျခဲ့သည် ဥပ္ပါတသန္တိစေတီ တည်ထား ကိုးကွယ်တဲ့ ဒါယကာကြီးများရဲ့ကံက အချိန်မှီပြင်လို့ရသေးသည်။ (ပြင်ချင်ရင်ပေါ့) ပြင်နိုင်အောင်လဲကျိုးစားစေချင်သည် ပြင်လိုက်လျှင်တိုင်းပြည်နှင့်လူမျိုး အမျိုး ဘာသာ သာသနာအတွက်ပါ ဂုဏ်တက်သွားလိမ့်မည် အခုတော့ ဥပ္ပါတသန္တိစေတီင်္လည်း ထီးတော်တင်ပွဲပြီးသွားပြီ ဘာတွေဆက်ဖြစ်လာမည် နည်း။ နိုင်ငံတော်အာဏာနှင့် ဆက်စပ်သောသူတို့ရဲ့ ဘုရားတည်နည်းအသီးသီးကို ပြန်လည်ဆန်းစစ် ကြည့်ဖို့လို အပ်လာပြီ။ (၁) ရွေတိဂုံစေတီတော်ရဲ့ထီးတော်ရိပ်အောက်မှာကမ္ဘာအေးစေတီဆိုပြီး တည်ထားခဲ့သည် ထိုကမ္ဘာအေးစေတီ တည်ပြီးသောအခါ ဝန်ကြီးချူပ်ဦးနုအာဏာကိုစွန့်လွှတ်ခဲ့ရသည်။(၂) ရွှေတိဂုံစေတီတော်နှင့်အပြိုင် မဟာဝိဇယစေတီတော်ကို တည်ထားခဲ့သည် ဦးနေဝင်းနိုင်ငံရေးဇာတ်ခုံမှ ဆင်းသွားရသည်။(၃) ဗိုလ်ချုပ်စောမောင်လက်ထက် စွယ်တော်စေတီဆိုပြီးပန္နက်ရိုက်အုတ်မြစ်ချ လုပ်ခဲ့သည်။ စွယ်တော်စေတီမ ပြီးခင် ဦးစောမောင်အာဏာလျှောပြီးသေပွဲဝင်ခဲ့ရသည်။(၄) မင်းဓမ္မကုန်းမြေမှာ ပူဇော်ဖို့အတွက် ကျောက်တော်ကြီးဗုဒ္ဓရုပ်ပွားအပြင် ဆင်နီတော်ပါ အဆစ်ထည့်ပြီးပူ ဇော်ခဲ့သည့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်နေအိမ်အကျယ်ချုပ်နှင့်ကျခံနေရဆဲဖြစ်သည်။(၅) ၁၃၇၀ ခုနှစ် တပေါင်းလပြည့် (၁၀-၃-၂၀၀၉) အင်္ဂါနေ့မှာ ဥပ္ပါတသန္တိ စေတီတော်ကို ထီးတော်တင်ပူဇော် ခဲ့လေပြီ။ဥပ္ပါတသန္တိစေတီသည် ရွှေတိဂုံစေတီနှင့် တပုံစံထဲ ခွဲမရအောင်ပုံစံတူတည်ထားတာ ဖြင့်သောကြောင့် မြန်မာ ပြည်အနှံပေါ်ထွက်နေသောအတိတ်တဘောင်နှင့် တိုက်ဆိုင်နေသည်။ (စေတီနှစ်ဆူအသွင်တူ ပြည်သူလဲမွဲ တပ်လဲကွဲတဲ့) ဉာဏ်နီဉာဏ်နက်များပြီးသံဃာတော် အရှင်မြတ်များထံဝန်ချတောင်းပန်မှု့ကိုဝန်လေးနေပြီး ထေရဝါဒနှင့်ဆန့်ကျင်သောမိစ္ဆာဓမ္မများကို ထပ်တလဲလဲပွားများနေအုံးမယ်ဆိုရင်တော့………………………….။
ဘူတဝါဒီ
အပြည့်အစုံသို့...
ပြန်ခေါက်ထားရန်...
Posted by
မိစ္ဆာပယ်ရှင်း ရန်ပုံခွင်း
Posted by
မိစ္ဆာပယ်ရှင်း ရန်ပုံခွင်း
on
Wednesday, March 11, 2009
ဇေယျတုသဗ္ဗမင်္ဂလံ ။ ။သင်္ကြန်သုံးပါးတို့တွင် သမန္တသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက် (၂၄)မိနစ် ရောက်သောအချိန်၌ ဦးခေါင်းဆေးမင်္ဂလာပြုရာ၏။ ဝိသေသအားဖြင့် ဤကဲ့သို့နှစ်ဟောင်းကူးပြောင်း နှစ်သစ်ကို ရောက်သောအချိန်၌ (မံသံနိဝုဍ္ဎတ္တိ၊ ပညာတ္တိနဝုဍ္ဎတ်္တိ) မံသံနိ အသားတို့သည်၊ဝုဍ္ဎတ္တိ တိုးပွားကုန်၏။ ပညာတိ အသိပညာတို့သည်၊ နဝုဍ္ဎတ္တိ မတိုးပွားဟုမိန့်ဆိုသောကြောင့်
ခေါင်း၊ ခါး၊ ခြေ၊ လက် ဤလေးချက်သာ တိုးပွာပြီး အသိဉာဏ် ပညာဗဟုသုတတို့ မတိုးပွားပဲ အိပ်စားကာမ ထိုသုံးဝဖြင့်သာ နေထိုင်ကြလျှင် နွားနှင့် မခြား တသားတည်းဟုအဓိပ္ပါယ်သက်ရောက်သောကြောင့် မိမိတို့ကြိုက်နှစ်သက်ရာ ရွက်ခေါက်သီးပွင့်တို့ဖြင့် လည်း ၏ကောင်း၊ အမွှေးနံ့သာ တရော်ကင်ပွန်းတို့ဖြင့်လည်းကောင်း ဤခန္ဓာကိုယ် အတ္တဘောကို ပြောင်စင် အောင်ဆေးကြောသန့်စင်ပြီးလျှင် အဝတ်သစ်ရှိသူတို့က နှစ်ဦးမှာအဝတ်သစ်ကို ဝတ်ဆင်လျှက်(သို့) အဝတ် ဟောင်းရှိသူတို့က ထိုအဝတ်ဟောင်းကိုပြောင်စင်အောင် လျှော်ဖွတ်ပြီး ဝတ်ဆင်လျှက် စိတ်ပိုင်းဆိုင်ရာအနေဖြင့် သီလတည်းဟူသောပန်းကို ပန်ပြီးလျှင် တည်ကြည်စူးစိုက်မှုခေါ်သည့် သမာဓိတည်းဟူသောဝတ်ရုံကို ဆင်မြန်း လျှင် အရာရာကိုပိုင်းခြားဝေဖန်ဆန်းစစ်နိုင်သော ပညာတည်းဟူသောနို့ရည်ကိုသောက်သုံးပြီးလျှင် အတွေးမှား အကြံမှား မိစ္ဆာဝါဒများကို စွန့်လွှတ်၍ ဖြောင့်မတ်မှန်ကန်သော သမ္မာဒိဌိ အယူကို ကျင့်သုံးပြီး အစွန်းတရားနှစ်ပါး ဖြစ်သော သဿတဒိဌိ ဥစ္ဆေဒဒိဌိ အယူတို့ကိုဖယ်ကြဉ်၍ ဝိဇ္ဇာဉာဏ်စွမ်းသံလျှက်ကိုကိုင် မောဟပိတ်ဆီး ရိပ်ကြီး ဂနိုင် ဒိဋ္ဌိဆိုတဲ့ဒီတောကိုချိုင် ဆိုတဲ့အတိုင်း ဝိဇ္ဇာဉာဏ်ဦးစီးပြီး မိစ္ဆာတို့ကို အနိုင်တိုက်ရမည့်အခါပေတည်း။
သင်္ကြန္တံသဿန္တံဝိနာဿန္တု ကျမ်းကိန်းလာသည်နှင့်အညီ ဆရာကိုပြုရသောဝတ် ဆရာကတပည့်ကိုပြုရသော ဝတ် မိဘကသားသမီးကို သားသမီးကမိဘကို ပြုရသောဝတ် မိတ်ဆွေအချင်းချင်း အပြန်အလှန်ပြုရသောဝတ် ခရီးနီးဝေးမှ ရောက်လာသော အာဂန္တုဧည့်သည်ကိုပြုရသောဝတ် လူကျင့်ဝတ်၊ ရှင်ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ် မင်းကျင့်ဝတ်ဆိုတဲ့သိဂ်ါလောဝါဒသုတ်လာကျင့်ဝတ်တွေ အတိုင်းကျင့်ဆောင်အပ်၏။ အထူးအားဖြင့် သစ္စာ လေးပါး အစစ်တရားတို့ကို သိအောင် ကျင့်ကြံပွားများ အားထုတ် ဆင်ခြင်ကြကုန်သော မိခင် ဖခင် ဆရာသခင် အနန္တဂိုဏ်းဝင်တွေ အပေါ်မှာ ကံသုံးပါးနှင့်ပြစ်မှားမိသမျှ ဝန်ချတောင်းပန်၍ ရိုသေကျိုးနွံစွာ မိမိတို့တတ်စွမ်းသမျှ လှုဒါန်းထောက်ပံ့ပူဇော်ရ၏။ ဤကား ကျင့်ဝတ်လေးထွေညီမျှဖို့ သိဂ်ါလောဝါဒသုတ်အလိုတည်း။
မြတ်စွာဘုရား နှုတ်ထွက်စကား မိန့်ကြားခဲ့သည်မှာ သာသနာ ငါးထောင် ဝင်းဝင်းပြောင် ရှင်းအောင် ကြည့်ကွယ့် ယောဂီရဲ့လို့ ရှေးရှေးစကားမှတ်သားခဲ့လေပြီ။ သာသနာနှစ် ငါးထောင်ခေတ်ကို တွက်စစ်သောခါ တေဝိဇ္ဇာ ခေတ်၊ သုံးထောင်နှစ်၌ ရှင်ချစ်ဘုရား ဟောကြားဗျာဒိတ် ယင်းအတိတ်ဖြင့်မဖိတ်မစောင်း ၊ ကျင့်ကောင်းဝိဇ္ဇာ ၊ မြတ်ဆရာတို့ ၊ ဒီပါတောင်ကျွန်း သြဘာထွန်းလျှက်၊ ထွန်းတောက် သာသနာ၊ ခုခေတ် ခါဝယ် ၊ ဆရာ စဉ်ဆက်၊ ပိုင်းဖြတ်ရေတွက်သည်မှာ -
၁။ ၀ိမုတ္တိယုဂခေတ် အနှစ် ငါးရာ - တမဂ်တဖိုလ် မှ လေးမဂ်လေးဖိုလ် အထိ ပေါက်ရောက်အောင်အားထုတ်နိုင် သောခေတ် တနည်းပြောရလျှင် အရိယာအစစ် အဖြစ်ကြီးဖြစ်တဲ့ ခေတ် ဗုဒ္ဓပွင့်တော်မူသည့်ခေတ် ။ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘခေတ်။
၂။ ဒါနယုဂခေတ်။ - အနှစ် ငါးရာ- မိမိသူတပါးအတွက် လောကကောင်းကျိုးကိုဆောင်တဲ့ ပေးကမ်း စွန့်ကြဲ လှူဒါန်းထောက်ပံ့သောခေတ်။
၃။ သီလယုဂခေတ် အနှစ် ငါးရာ - ဟီရိသြတ္တပ္ပ ဟုခေါ်ဆိုသော လောကပါလတရား နှစ်ပါး၊ ဒေ၀ဒူတ တရား၊- နတ်တို့၏ သံတမန်တရား မှစ၍ ငါးပါးသီလအပါအ၀င် ဂရုဓမ္မတရား အစားစားကို ပွါးများအားထုတ်သောခေတ်။
၎။ သမထ ယုဂခေတ် အနှစ် ငါးရာ - ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးခြင်းတည်းဟူသော သမာဓိ တရားကို အခြေခံပြီး လောကီ ဈာန် သမာပါတ်များရအောင် အားထုတ်သောခေတ်။
၅။ သုတယုဂခေတ် အနှစ် ငါးရာ - လောကီဝိဇ္ဇာ ၊ သိပ္ပ အတတ်ပညာ ၊ စာပေ ဗဟုသုတများ ပြည့်စုံ ထွန်းကား အောင် အားထုတ်သောခေတ်ဟု သာသနာ နှစ်ငါးထောင်ခေတ်ကို ဆရာအစဉ်အဆက် ပိုင်းခြားသတ်မှတ်ရေ တွက် ခဲ့ကြသည်။
မြတ်စွာဘုရား ပွင့်တော်မူသည့်ခေတ်မှ ယနေ့ခေတ် အချိန်အထိ သာသနာကို ရေတွက် စစ်ဆေးကြည့်သော် ၂၅၅၂ ခုနှစ်သို့ရောက်ခဲ့လေပြီ။ တနည်းပြောရလျှင် ၀ိမုတ္တယုဂ ခေတ်ထဲသို့ တဖန်ပြန်လည်ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း (၅၂) ထဲသို့ ၀င်ခဲ့ပြီဖြစ်သည်။ ၀ိမုတ္တိယုဂခေတ်ဆိုတာ ဗုဒ္ဓလက်ထက်က ၀ိသာခါ သတို့သမီးပင်လျှင် (၇) နှစ်အရွယ်နှင့် သောတာပန်တည်သောခေတ်ဖြစ်သည်။ ယခုဒုတိယအကြိမ် ၀ိမုတ္တိယုဂခေတ် နှစ်များဖြင့် ကြုံဆုံရသည့်အတွက် ဗုဒ္ဓ၏ သားတော်သမီးတော်တို့မှာ ငါးနှစ်အရွယ်နှင့်ပင် သောတာပန်တည်နိုင်သည့် အခွင့် ကောင်း ကာလကောင်း ခေတ်ကောင်းဖြစ်သည်။ သို့သော် သပ္ပူရိသသံသေ၀ ဟုခေါ်ဆိုအပ်သော သဒ္ဓမ္မသဝန တရားစစ်တရားမှန်ကို ဟောဖေါ်ညွှန်ပြ ဆိုဆုံးမနိုင်တဲ့ ဆရာစစ် ဆရာမှန်တို့ထံမှာ နိဿရည်းကို သိပ်သည်းစွာ ခံယူတတ်ဖို့တော့ လိုအပ်သည်။ ဆရာကလည်း အင်္ဂါ (ရ) ပါးနှင့် ပြည့်စုံသောဆရာ ၊ တပည့်ကလည်း ကလျှာဏ အင်္ဂါ (၅) ပါးနှင့် ပြည့်စုံသော တပည့် ၊ တရားကလည်း အင်္ဂါ (၆) ပါးနှင့် ပြည့်စုံသောတရား ၊ တနည်းပြောရလျှင်
သံဒိဌိက ဂုဏ်နှင့် ကိုက်ညီသောတရား အဲဒီလို အဖက်ဖက်က အင်္ဂါရပ်တွေနဲ့ ပြည်စုံနေတဲ့ တရားတော်တွေကို ဟောခွင့် နာခွင့် အားထုတ်ခွင့် ကျင့်ကြံပွါးများခွင့်တွေ ရမည်ဆိုလျှင် လေးသင်္ချေ နှင့် ဗိုလ်ခြေတသိန်း ကျွတ်တန်း ၀င်မည့် သာဝကတွေထဲမှာ ပါဝင်ပြီး အရိယာခေတ်ကြီးကို ထူထောင်နိုင်လိမ့်မည်။ အဲဒီလို ခေတ်ကောင်း အခါ ကောင်းနှင့် ကြုံကြိုက်နေသည်မှာ နှစ်ပေါင်း (၅၂)နှစ်ထဲသို့ရောက်ခဲ့ပြီ။ ဗုဒ္ဓသာဝက ဖြစ်ခွင့်ကြုံတာ (၅၂)နှစ် ရှိပြီနော်….။ ဝိမုတ္တိယုဂခေတ် ဆိုတာ လောကုတ္တရာ တရားအားထုတ်ဖို့အတွက် ဓါတ်သံ၊ ပရမတ်သံ ဝိပဿနာ အသံတွေပွက်ပွက်ညံပြီး သောတပန် မှိုလိုပေါက်နိုင်သောခေတ်၊ အပါယ်တံခါး ပိတ်တဲ့ခေတ်၊ ဘယ်လောက်ဝမ်း မြောက်ဖွယ်ကောင်းသလဲ စဉ်းစား ....... ထေရ၀ါဒ ထွန်းကားပြန့်ပွားရာ ကမ္ဘာ့မဏ္ဍိုင်ကြီးသဖွယ်ဖြစ်တဲ့ မြန်မာ ပြည်မှာ မိစ္ဆာမင်းဆက်များ စဉ်ဆက်မပြတ် ပေါ်ထွက်နေသည့်အတွက် သောတာပန်ဖြစ်ဖို့ဝေးစွ ၊ အရိယာဖြစ် ဖို့ဝေးစွ ၊ တမဂ်တဖိုလ်ကို ရက်တိုတိုနှင့် ရောက်ဖို့ဝေးစွ၊ လောကီသူတော်ကောင်းဘဝတောင် အစော်မနံပဲ မိစ္ဆာမင်းဆက်တို့က အဝိဇ္ဖာခေတ်ကြီးကို ထူထောင်ပြိး လောကီသူတော်ကောင်း လောကုတ္တရာသူတော် ကောင်း ဘယ်သူတော်ကောင်းမှမကောင်းဘူး တို့ဘဲကောင်းတယ်ဆိုတဲ့ မူကိုလက်ကို်င်ထားပြီး ပရိတ်ရွတ် မေတ္တာပို့ ဆုတောင်းရုံမျှကိုပင် ဖမ်းဆီးထောင်ချ အပြစ်ပေးနေသည်မှာ မိစ္ဆာခေတ်ကြီးကိုပီပီပြင်ပြင် ထူထောင် နေပြီဆိုတာ အရိယာအလောင်းနှင့် အရိယာအပေါင်းတို့ သိစေကြောင်းထပ်လောင်းနှိုးဆော်လိုက်ပါတယ်။ အဝိဇ္ဇာခေတ်ကြီးကိုထူုထောင်နေတဲ့ ဗမာပြည်မှာ ယထာဘုတဉာဏ်ကိုအခြေခံတဲ့ သဒ္ဓမ္မသဝနတရား ထွန်းကား ပြန့်ပွားနိုင်ပါ့မလား။ တဏှာမာန ဒိဋ္ဌိအစရှိတဲ့တရားတွေ ပြန့်ပွားအောင် အားပေးကူညီနေတဲ့ မိစ္ဆာမင်းဆက် ခေတ်မှာ အရိယာဖြစ်ကြောင်း တရားထွန်းကား နိုင်ပါတော့မလား။ အဲ့ဒီလိုလောကုတ္တရာဘက်မှာလဲမတိုးတက်၊ လောကီလို့ခေါ်တဲ့လူသားအားလုံးအတွက် သီလကိုအခြေခံတဲ့ ဂရုဓမ္မတရားတွေလဲမတိုးတက်၊ တနည်းပြာရရင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ပါတကယ်လိုအပ်နေတဲ့ သန္တိပါဒတရားတွေလဲ မတိုးတက်ဘဲလူ သတ္တဝါအချင်းချင်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတဲ့ ဝိဟိံသတရားတွေလဲ ထွန်းကားပြန့်ပွားနေတဲ့ တိရိစ္ဆာန်ဖြစ်ခေတ်ကြီးဖြစ် အောင် ထူထောင်နေတဲ့ ဗမာပြည်မှာ တိုင်းသူပြည်သားလူအများအတွက် ခေတ်ကောင်းစနစ်ကောင်းဖြစ်အောင် ငါတို့လုပ်နေပ်ါတယ်ဆိုတဲ့ စကားကောမှန်ကောမှန်နိုင်ပါ့မလား အားလုံးစဉ်းစား။ ယနေ့သည်ကား နိဗ္ဗန်မရောက် (၃၆) ဆိုတဲ့အလုပ်တွေနဲ့သာ အချိန်ကုန်ကြပြီး လောကီသူတော်ကောင်း လောကုတ္တရာသူတော်ကောင်း ဖြစ်ခွင့် မရတဲ့ ဘဝတွေနဲ့ရင်ဆိုင်နေကြပြီးမဟုတ်လား။ သဒ္ဓမ္မသဝနတရားကို နာကြေားဆင်ခြင်ပေါက် ရောက်အောင် အားထုပ်ချင်တယ်ဆိုလျှင် ယထာဘူတညာဏာရ သတ္ထာပရိယေသိတဗ္ဗာလို့မှာကြားတော်မှုသည့်အတိုင်း ရုပ်တလုံး၊ နမ်တလုံးအပေါ်မှာ ယထာဘူတာဉာဏ်နှင့် တရားတွေဆုံးအောင်ဟောဖေါ်ညွန်းပြဆိုဆုံးမနိုင်တဲ့ ဆရာစစ်ဆရာမှန်ကို ရှာဖွေမှီဝဲဆည်းကပ်ကြ။ လောကုတ္တရာတရားအတွက်ဖြစ်သည်။ တဖန်လောကီကိုငဲ့ကွက်၍ပြောရမည်ဆိုလျှင် (၁) စိတ်ထားဖြူစင် (၂) သူတော်ကောင်းလက္ခဏါနှင့်ပြည့်စုံပြီး (၃) ကိုယ်ကျင့်တရားကောင်းမှန်၍ (၄) ကိုယ်ကျိုးစွန့်အနစ်နာခံနိုင်သော ခေါင်းဆောင်ကောင်းကို ဦးထိပ်ထား ၍မိမိတို့ယုံကြည်ရာဝါဒလမ်းစဉ်ကိုမမှိတ်မသုံ၊ မမှုန်မဝါး အချိန်မှီအချိန်ကိုက်ချီတက်ကြ။ လောကုတ္တရာအတွက် ရည်ရွယ်၍ လောကအလိုသဒ္ဓါပို၍ ညွှန်ပြလိုက်ပေသည်။ ဤကဲ့သို့လောကလဲမဖျင်း ဓမ္မလဲမယွင်းလျှင် မိစ္ဆာ မင်းဆက်များချုပ်ငြိမ်းလိမ့်မည်။ ထို့ကြောင့်မိစ္ဆာကိုဝိဇ္ဇာရှင်းအံ။
ဝိမုတ္တိယုဂခေတ်ဆိုတာနေ့စဉ်နဲ့အမျှ မြင်တွေ့ခံစားနေရတဲ့ ရုပ်နာမ်လို့သမုတ်ခံရတဲ့ သဘောတရားတွေ အပေါ်မှာ သညာမှတ်မှားပြီး ငါ သူတပါး ယောကျာင်္း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လို့အစွဲဝင်ပြီး တလွဲထင်နေတဲ့ အတ္တအတ္တနိယျကို အခြေခံတဲ့အယူအဆမှားတွေကို ပယ်ပြီး ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာတရားနှစ်ပါးချုပ်ငြိမ်းနိုင်တဲ့ခေတ် အလွန်တရာမှရခဲလှတဲ့ ဗုဒ္ဓုပ္ပဒနဝမခေတ်လို့ခေါ်ပါတယ်။ ဒီလိုခေတ်ကောင်းကိုကြုံနေပါလျှက် ဒီခေတ်မကောင်း ဘူး ခေတ်ဆိုးခေတ်ကျပ်ကြီးပါကွာ ခေတ်မကောင်းလို့ရူးချင်ယောင်ဆောင်နေတာဆိုတာတွေကလဲမရှား ခေတ် မကောင်းတာမဟုတ်ဘူးဟေ့ ခေတ်ကကောင်းပြီးသား စနစ်မကောင်းတာလို့ မင်းတို့သိအောင်ပြောလိုက်ချင် တယ်။ အရိယာအပေါင်းနှင့် သူတော်ကောင်းတို့နှစ်ထောင်းအားရတော်မှုသော သဒ္ဓမ္မသဝန တရားဆိုတာ ဒီလို ဗုဒ္ဓုပ္ပါဒ ခေတ်မှာပေါ်ထွန်းတာဖြစ်တယ်။ ထိုတရားထွန်းကားပြန့်ပွားဖို့ရာ အရှင်ကောင်း အရှင်မြတ်တွေရဲ့ ဉာဏ် နဲ့ကွန့်မြူးပြီးမှ ဟောဖေါ်ညွှန်ပြ ဆိုဆုံးမရတာဖြစ်တဲ့အတွက်ကြောင့် လွတ်လပ်စွာတရားဟောခွင့်မရ၊ လွတ်လပ် စွာ တရားနာကြားခွင့်မရသဖြင့် အရိယာအပေါင်းနှင့်အရိယာအလောင်းသူတော်ကောင်းတို့မှာ အောက်မဂ်သား ခေါ် သောတပန်ကအစ အထက်မဂ်၊အထက်ဖိုလ်သို့ ဆက်တက်ခွင့် မရနိုင်ဘဲ မဂ်ဖိုလ်တရားဆုံးပါးနေရသည်မှာ ကာလကြာခဲ့လေပြီ ။
ဤကား ………မိစ္ဆာမင်းဆက်တို့၏ဆိုးကျိုးတည်း။
လောကီဘက်ကိုငဲ့ကွက်၍ တိုင်းသူပြည်သားလူအများတို့၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျမ်းမာရေး အရပ်ရပ်တို့ကို တွက်စစ်ကြည့်သော် နိုင်ငံရေးစနစ်မကောင်းသည့်အတွက် သွေးခွဲအုပ်ချုပ်ခြင်း အုပ်စုဖွဲ့ဂိုဏ်းဖွဲ့ ကြီးနိုင်ငယ်ညှင်း လူသားအချင်းချင်းနည်းမျိုးစုံ ညှင်းပန်းနိုပ်စက်နေသည်မှာ မြန်မာပြည်တွင်မက ကမ္ဘာနိုင်ငံအ သီးသီးကသိရှိပြီးဖြစ်လေသည်။ ထို့ကြောင့်စနစ်ကောင်းတစ်ခု ခေတ်ကောင်းတစ်ခု အမြန်ဆုံးပေါ်ပေါက်လာ အောင် လူတိုင်းကိုယ်စီကိုယ်ငှတာဝန်ရှိကြသည့်အတိုင်း ပေါင်းစည်းညီညွတ်စွာ ဝိုင်းဝန်းဖေါ်ဆောင်ဖို့လိုအပ်နေ ပြီး ဝိမုတ္တတိယုဂခေတ် ဗဒ္ဓုပ္ပါဒခေတ် အရိယာအစစ် အဖြစ်ကြီးဖြစ်ထိုက်သောခေတ်ကြီးထဲမှာ လောကီလဲသုံးမရ လောကုတ္တရာတရားလဲဆုံးရတဲ့ ဘဝဆိုးကလွတ်မြောက်ဖို့အချိန်တော်ပြီ။ အရိယာ အပေါင်းနှင့်အရိယာအ လောင်းတို့ ပေါ်ထွန်းရာထေရဝါဒ ထွန်းကားပြန့်ပွားတဲ့ဗမာပြည်မှာ ပညာရှိသူတော်ကောင်းတို့ နုတ်ဆိတ်နေရတဲ့ ဘဝဆိုးကလွန်မြောက်ဖို့အချိန်တန်ပြီ၊ ဓမ္မတာကို သိကြားမင်းများပါယ်မည်။ ဘာဝနာကိုတရားမင်းများ ကယ် မည်။ ဤကားနှစ်ဘက်လှအဟာပညာကျော်တို့၏ အလိုတည်း။
အတာဆန်းထူး၊ နှစ်ဟောင်းကျူး၍ တန်ခူးလည်သည်နှစ်အမည်ကား၊ အစစအရာရာအောင်မြင်ခြင်းကို ဆောင်သော ဇေယျနှစ်တည်း။ နှစ်ကိုလစောင့်၏။ လကိုရက်စောင့်၏။ ရက်ကို နာရီမိနစ်တို့စောင့်၏။ ကောင်း ကင်ကိုအာကာသဟင်းလင်း ပြင်စောင့်၏။ သစ်တောကို သစ်တောအရာရှိတို့စောင့်၏။ တရားစောင့်သောသူကို ထိုတရားကတဖန်ပြန်၍စောင့်၏။ ဝိဇ္ဇာကို မိစ္ဆာစောင့်၏။ ကိုးသုံးလုံးဂိတ်ကို(DKBA)စောင့်၏။ ဒီမိုကရေစီစနစ်ကို လိုလားတောင်းတကျင့်သုံးလိုသော လူတို့စောင့်၏။ မိုွးာခြင်း အကြောင်းတရားငါးပါးပြည့်စုံက မိုးရွာအံ့။ တိုင်းနိုင် ငံအသီးသီးတို့၌ မီးကိုပေါဆသောသူ မီးရှို့သောသူများပါက မီးသည်ကြိမ်ဖန်များစွာလောင်အံ့။ မီးလောင်နေစဉ် အတွင်း ကျွမ်းကျင်သောမီးသတ်ဝန်ထမ်းများနှင့် ခေတ်မှီသော မီးသတ်ကရိယာများမရှိက ထိုမီးသည် အစွမ်း ကုန်လောင်အံ့ ။ ခေတ်မှီသောမီးသတ်ကရိယာများ ရှိပင်ရှိငြားသော်လည်း တကယ်ငြိမ်းသတ်လိုသော ဝန်ထမ်း များမရှိက ထိုမီးသည်နှစ်ဆတိုး၍လောင်အံ့။ ပြည်ကြီးကပြည်ငယ်ကိုနိုင်အံ့။ ပြည်ကြီးသားတို့သည်လည်း အချင်း ချင်းညီညွတ်မှု မရှိက ပြည်ကြီးကိုပြည်ငယ်ကနိုင်အံ့။ ဒီမိုကရေစီစနစ်ကို လိုလားတောင်းဆိုကြကုန်သော နိုင်ငံ ရေးအတိုက်အခံအင်အားစုနှင့် ပြည်သူုတို့စုပေါင်း၍ ညီညွတ်ကြောင်းတရားပြုလုပ်နိုင်ပါက စစ်အစိုးရကိုနိုင်အံ့။ အတိုက်အခံနှင့် ပြည်သူတို့ ညီညွတ်ကြောင်းတရားမပြုလုပ်နိုင်ပါက စစ်အစိုးရသည်နိုင်အံ့။ ပြည်သူတို့၏သည်းခံ နိုင်မှုကုန်ခမ်းလာပါက ရရာလက်နက်စွဲကိုင်၍ သို့မဟုတ် အပစ်ရပ် အဖွဲ့အစည်းများနှင့် လက်တွဲ၍ ပေါ်ပေါက် လာသော မင်းလောင်း၏ ခေါင်းဆောင်မှုကို ခံယူ၍ နောက်ဆုံးတိုက်ပွဲဆင်နွှဲအံ့။ ကမ္ဘာနိုင်ငံအသီးသီးမှ (၄၁) နိုင်ငံသောပြည်သူတို့သည် ဒီမိုကရေစီစနစ်ကို လိုလားတောင်းဆိုပြီး ပွားများကျင့်သုံးအံ့။ အနာဂါတ်ကာလတို့၌ ဒီမိုကရေစီစနစ်ကိုမကျင့်သုံးသော တိုင်းနိုင်ငံတို့ကို စစ်ကြေညာ၍ တိုက်အံ့။ လူတဦးချင်းသည်လည်း ဒီမိုကရေစီ စနစ်ကို မကျင့်သုံးပါက ဘေးဥပ္ပါဒ်အန္တရယ်ရောက်အံ့။(ဝိသေသအားဖြင့် ပြည်သူကို ညှင်းပန်းနှိပ်စက်သော အဖွဲ့ အစည်းဝင်များသည် ပြည်သူကို အချိန်မှီအချိန်ကိုက် ဝန်ချတောင်းပန်မှုမပြုလျှင် ကြီးလေးသော ဘေးဥပ္ပဒ် အန္တရာယ်ရောက်အံ့။) နိုင်ငံငယ်များအပေါ်တွင် လွှမ်းမိုးချယ်လှယ်နိုင်သော အဏာပိုင်သည့် နိုင်ငံများ ဝိဇ္ဇာဥာဏ် အမြင်မှန်ရ၍ အမျိုးကောင်းသားတို့ စုဝေးရာ ကုလသမဂ္ဂနှင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်အံ့။ အာရှ နိုင်ငံအတွင်းမှခေါင်းဆောင်တို့သည်လည်း မြန်မာ့အရေးတွက် အစဉ်းစားကျပ်သော ဥပ္ပါဒ်သင့်အံ့။ စေတီနှစ်ဆူ အသွင်တူ ပြည်သူလဲမွဲ တပ်လဲကွဲ ဆိုသည့်အတွက်ကြောင့် တပ်မတော်ကိုပြည်သူစောင့်၏။ ထို့ကြောင့်ပြည်သူ ကို စောင့်ရှောက်သောပြည်သူတပ်မတော်ပေါ်အံ့။ ဤကားဝိဇ္ဇာအရှင်မြတ်များ၏အလိုတည်း။
ဖြေးဖြေးဖတ်၊ ခဏခဏရပ်၊ ကြပ်ကြပ်တွေး၊ လေ့လာပါ၊ ဆင်ခြင်ပါ၊ သင့်အတွက်၊ တက်လမ်းမုချတွေ့လိမ္မည် ။ ။
အပြည့်အစုံသို့...
ပြန်ခေါက်ထားရန်...
Posted by
မိစ္ဆာပယ်ရှင်း ရန်ပုံခွင်း
on
Monday, February 16, 2009
လွန်စွာတအံ့တသြဖြစ်၍ဒေါသပြင်းစွာထွက်လေသည်၊ မင်းချင်းရဲမက်များကိုအမြန်ခေါ်ယူ၍ လိုက်လံဖမ်းဆီး စေ၏။ ရဲမက်စစ်သည်တို့ လည်း ထွက်ခွာသွားကြပြီဖြစ်သော ရဟန်းတော်များ၏နောက်သို့ အမှီလိုက်၍ ထိုရဟန်းတုအား ဖမ်းဆီးခေါ်ဆောင်နိုင်ခဲ့သည်။ ထိုရဟန်းတုလည်း အပြစ်ကိုသိသဖြင့် မငြင်းမဆန် မရုန်း ကန်ပဲ လိုက်ပါလာခဲ့သည်။ လူဝတ်လဲစေ၍ မင်းးကြီး၏ ရှေ့ တော်မှောက်သို့ သွင်းကာရိုက်နှက်စစ်ဆေး မေးမြန်းတော့သည်၊ အမှန်အတိုင်းဝန်ခံရလေတော့၏၊ မောင်မင်းစာလွှာကိုချခဲ့တယ်မဟုတ်လား…
မှန်ပါ့ ကျွန်တော်မျိုးကြီးချခဲ့မိကြောင်းပါ။ မောင်မင်းကိုဘယ်သူကခိုင်းစေခဲ့သလဲ။ အမှန်အတိုင်းလျောက်တင်လော့ ဟု မိန့် ၏၊ ထိုအခါ ခတ္တိယမင်းသား၏ ကျွန်ယုံတရားခံလည်း အသက်ဘေးမှ လွတ်လိုလွတ်ငြား မင်းကြီး၏ အကိုးအကွယ်ခံ ကလျာဏီဆရာတော် အရှင်ဓမ္မပါလ မထေရ်အားအကာအကွယ်ယူရန် အကြံအစည်ကို သတိရလေ၏။ မင်းမြတ်… ဤစာကို ကလျာဏီဆရာတော်ကြီးက မိဖုရားရှေ့ တွင်ချထားခဲ့ရန် ခိုင်းစေသဖြင့် ချခဲ့ရကြောင်းပါဟု လိမ်လည် ထွက်ဆို လိုက်ရာတွင် မင်းကြီးလည်း သယ်… ငါကတော့ ရဟန်းအမှတ်နဲ့ ကိုးကွယ်ခဲ့တယ်။ အခုတော့ ညီတော်ရဲ့ တမန်တော်အလုပ်ကို လုပ်ရက်ပါပေတယ်ဟု အမျက်ကြီးစွာ ပြောဆို ၏။ ကျွန်ယုံတရားခံ အကွက်ဆင်လိုက်သည့် ဆင်လုံးက မထေရ်ကြီးသည် မင်းကြီး ၏ငယ်ဆရာမို့ မထေရ်ကြီး ခိုင်း၍လုပ်သည်ဟု ထွက်ဆိုလျှင် မင်းကြီးက လွှတ်ပေးလိမ့်မည်ဟု ထင်ကာ ထိုသို့ ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။ သို့ သော် သူထင်သည့်အတိုင်းဖြစ်မလာခဲ့ပေ။ မင်းကြီးလည်း ဆရာတွေ၊ ဆရက်တွေ နားမလည် တော့… မယား ထိရင်ဓားကြည့်ပေါ့… ငါ့အကြောင်းကောင်းကောင်းသိရမယ်ဆိုပြီး ငါ့ဆရာရဟန်းဟာ မိဖုရား ကြီးကိုယူပြီး ဘုရင်တောင်လုပ်ချင်သေးတယ်ထင်ပါရဲ့… ထွီ… မင်းချင်းရဲမက်များ အမိ့န်နာခံကြ … ယခုပင် အချိန်မဆိုင်းပဲ ငါ၏ဆရာ ဓမ္မပါလမထေရ်ကို ဖမ်းခေါ်ခဲ့ကြ။ "မ" စိတ်မွှန်လျှက်ရှိသောမင်းကြီးသည် ဘာတစ်ခုမျှ စစ်ဆေးမေးမြန်းခြင်းမရှိတော့ဘဲ ဓမ္မပါလမထေရ်မြတ်အား အမိန့်တော်ကြီးဖြင့် ပြစ်ဒါဏ်ချမှတ် တော့သည်။ မလျှော်ကန်သည့်အလုပ်ကို လုပ်သည့် ဆရာတော်ကြီးအား ဆီပူအိုးကင်းပေါ်တင်၍ သတ်စေ အမိန့်တော်......... ထိုအခါ အချို့ သော ပညာရှိမှူးမတ်များက မနေသာတော့ဘဲ အကျိုးအကြောင်းပြ၍ လျှောက်တင်ကန့်ကွက်ကြ၏။အရှင်မင်းကြီး မထေရ်မြတ်ကြီးသည် သီလ သမာဓိ ပညာနှင့် ပြည့်စုံသူဖြစ်ပါ သည်။ ဤသို့သော အမှုမျိုးကို ပြုမည်မဟုတ်ပါ။ သေချာအောင်စီစစ်စုံစမ်းတော်မူပြီးမှ အမိန့်တော်ကို ချမှတ် သင့်ကြောင်းပါဘုရား။ သူတော်ကောင်း ပုဂ္ဂိုလ်ကို ပြစ်မှားမိပါက တိုင်းပြည်ပျက်တတ်ပါတယ်ဘုရားဟု လျှောက်တင်ကြ၏။ မင်းကြီးက အို ဘာမှစီစစ်ဖို့မလိုတော့ဘူး၊ ညီတော်လူမိုက်ဟာ ဆရာတော်နှင့် အလွန် ရင်းနှီးလှတယ်။ သူ့တပည့် ရဟန်းကလဲ ဝန်ခံထားပြီးပြီ။ သူကလဲ ငြင်းချက်မထုတ်ဘူး မဟုတ်လား။ ဒါဟာ သူ့အပြစ်ကို သူသိလို့ဘဲပေါ့။ ကဲ ကြာတယ်ဟေ့ ဆီပူအိုးကင်းထဲ ဆီအပြည့်ထည့်ကြ။ ပွက်ပွက်ဆူတာနဲ့ ဆရာတော်ကိုထည့်ပြီး ကြော်ပစ်လိုက် ကြစမ်း ဟု တချက်လွှတ်အမိန့်တော်ကို ဇွတ်ချမှတ်တော့၏။ မင်းကြီး၏ အမျက်ဒေါသဖြစ်ရခြင်း အကြောင်းတရားကလည်း မိဖုရားနှင့်ပါတ်သက်သော ဒေါသမဟုတ်ပါ လား.........။ ဒီလိုအချိန်မှာ ဘယ်သူဘာပြောပြော နားမဝင်တော့ပေ။ မထေရ်မြတ်ကြီးကတော့ ဘယ်သူ့ကိုမှ အပြစ်မမြင်။ မေတ္တာပွားပြီး ရုပ်နာမ်တရားကိုသာ ဆင်ခြင်၍ အာဏာပါးကွက်သားတို့၏ ခေါ်ဆောင်ရာသို့ အေးဆေးစွာ လိုက်ပါသွား၏။ မီးပြင်းထိုးထားသော ဆီအပြည့်ထည့်ထားသည့် သံဒယ်အိုးကြီးက ကျိုက်ကျိုက်ဆူပွက်လျှက် ရှိ၏။ သန်မာသော ပါးကွက်အာဏာသားကြီးများက မထေရ်မြတ်ကြီးအား တဖက်တချက်ဆီမှ တင်းကြပ်စွာ ဆုပ်ကိုင်၍ တပွက်ပွက်ဆူဝေတက်လျှက် ရှိသော ဆီပူအိုးကင်းထဲသို့ ပစ်ချလိုက် ကြသည်။ ထိုစဉ်အခိုက်မှာ ပင် မထေရ်မြတ်သည် အရဟတ္တဖိုလ်သို့ဆိုက်ရောက်ကာရဟန္တာဖြစ်တော်မူလေသည်။ သံဒယ်အိုးအတွင်းရှိ ပွက်ပွက်ဆူနေသော ဆီပူများက မထေရ်မြတ်၏ မွှေးညှင်းတစ်ပင်ကိုမျှလောင်ကျွမ်းပူလောင်စေခြင်းငှာ မတတ်နိုင်ကြပေ။ မင်းပရိဿတ်တို့ မှာ ဆရာတော်ကြီးဘာမှမဖြစ်သည်ကို မျက်ဝါးထင်ထင် မြင်တွေ့ကြရ သဖြင့် ထိတ်လန့်အံသြကုန်ကြ၏ မထေရ်မြတ်ကဆီပူအိုးကင်းအတွင်းမှာပင် ထက်ဝယ်ဖွဲ့ခွေ၍ ပရိဿတ် တို့အား တရားရေအေးတိုက်ကျွေး၏။ တရားဟောပြီးနောက် မိမိအတိတ်ကံကိုဆင်ခြင်ကြည့်ရာ၌ နွားကျောင်း သားဖြစ်ခဲ့စဉ် ဘဝတစ်ခုက ယင်ငယ်တစ်ကောင်ကို သေစေလိုသောဆန္ဒဖြင့် ကျိုက်ကျိုက်ဆုသော နွားနို့အိုး ထဲပြစ်ချကာ သတ်ဖြတ်ခဲ့ဘူးသည်ကိုသိတော်မူလေ၏။ အထေရ်မြတ်က ဤသို့ဆင်ခြင်၏။ အော်..ငါပြုခဲ့သော မကောင်းမူကံကငါကိုအကျိုးပေးလေပြီ။ ဤဝိပါတ်ကံအကျိုးပေးမှ ငါလွတ်ခွင့်မရှိပေ။ အတိတ်မှပြုခဲ့သော အကုသိုလ် ကံကြောင့်လွတ်လမ်းမရှိသည်ကို ဆင်ခြင်၍ ဆီပူအိုးကင်းထဲမှာပင် ပရိနိဗ္ဗာန်ပြုတော်မူရှာလေ သတည်း။ ဆီပွက်ထဲကမထေရ်မြတ်၏ အလောင်းကိုကြည့်ကာ ကလျှာဏတိဿမင်းသည် လွန်စွာကျေနပ် လျှက်ရှိသည်။ ဟင်း…ဟင်း….ဘာတက်နိုင်သေးလဲကွ ရဟန်းယုတ်တို့သွားရာလမ်းက ဒီလမ်းပဲဟေ့လို့ ကြွေးကြော်လိုက်သည်။ ပြီးတော့ အိမ်ရှေ့မင်း၏ ကျွန်ယုံရဟန်းအတုကိုလဲ သုံးပိုင်းပိုင်းကာ မထေရ်မြတ်၏ အလောင်းနှင့်အတူ သမုဒ္ဒရာထဲ အတွင်းပစ်ချပြီးရေမျှောသင်္ဂြိုဟ်လိုက်လေတော့သည်။ ထိုအခါ မခံမရပ် နိုင်ဖြစ်ကြသူတို့က လေကစောင့်နတ်များနှင့် သမုဒ္ဒရာစောင့်နတ်များပင်ဖြစ်တော့သည်။ ပြင်းစွာအမျက်ဒေါသ ထွက်ကြကုန်သော လောကစောင့်နတ်တို့က ဟယ်… မင်းဆိုးမင်းယုတ် သင်းကိုဖျက်ဆီးချေမူန်းတော့ အံ့ဟု ကြိမ်းဝါး၏။ သမုဒ္ဒရာစောင့်နတ်တို့ကလည်း ဒီလောက်တောင်မိုက်ရိုင်းတဲ့ မင်းညစ်မင်းသရမ်းကို အပိုင်းပိုင်း ဖြတ်ကာ သုတ်သင်ကြမယ်ဟု ဒေါသအမျက်ချောင်းချောင်း ထွက်ကြ၏။ သမုဒ္ဒရာရေပြင်ထက်မှ လှိုင်းလုံးကြီး များသည် ကြောက်စရာလန့်စရာ ထကြွရုန်းကန်လာကြပြီးလျှင် မြေအပြင်ကို ရေလွှမ်းတော့၏။ အရှိန်ဟုန်ပြင်း ထန်စွာရိုက်ခတ်လာကြသောပင်လယ်လှိုင်းလုံးများက မြို့ရွာများကို ဖျက်ဆီးဝါးမျိုကာရေထဲသို့ဆွဲချသွားကြ၏။ မင်းနှင့်မိဖုရားတို့၏ခန္ဓာကိုယ်၌ ကုရာနတ္ထိဆေးမရှိသော ရောဂါကြီးများ စွဲကပ်စေ၏။ အပါယ်ငရဲသို့လားစေ သော ပျက်စီးခြင်းဖြင့် သေကြေပျက်စီးစေ၏။ ကမ္ဘာသက်တမ်း ငါးရာကာလတိုင် ပွက်ပွက်ဆူသော ဆီပူအိုး ကင်းအတွင်း ပြစ်ချခြင်းခံရသည့်ငရဲသို့ ကျရောက်စေ၏။ဤဇာတ်တော်ကြီးကို လွန်ခဲ့သော သုံးနှစ်ခန့်က စီကာပတ်ကုံးဟောပြောခဲ့သူမှာ အသက် ခုနှစ်လသား အရွယ်ကလေးငယ်တစ်ဦးဖြစ်သည်။ ထိုကလေးငယ်ကို အဘ ကိုမင်းနိုင် အမိမနုတို့က ပုပ္ပားတောင်ရဲ့ အရှေ့ မြောက်ဖက် တောင်စောင်းတွင်ရှိသော မကျီးစုရွာတွင်မွေးဖွားခဲ့၏။ ကလေး၏အမည်ကို မကျီးစုဆရာတော်က မောင်သန့်ဟုခေါ်စေသည်။ ထိုမောင်သန့်ကလေး ခုနှစ်လအရွယ်အရောက်တွင် လူကြီးတစ်ဦးကဲ့သို့ ပီသပြတ် သားသော အသံဖြင့် ကလျာဏတိသမင်း၏ ဇာတ်တော်နှင့်စပ်လျဉ်းသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အပယ် လေးရွာသို့လားစေမည့် အဖြစ်အပျက်များကို ပရိသတ် အပေါင်းနှင့် ရွာသူရွာသားများ အားထူးဆန်းစွာဟော ပြောခဲ့လေသည်။
သာသနာ့ထိပ်ခေါင် ဓါတ်ပေါင်း ဝိဇ္ဇာအဘအောင်မင်းခေါင် နာမ်ဓါတ်ကိန်း၍ဟောပြောခြင်းဖြစ်သည်။ အလွန်ထူးခြားသည်မှာ…
(က) အသက်ခုနှစ်လသားကလေးငယ်တစ်ဦးက စကားပြောတတ်နေခြင်း
(ခ) ငယ်သာငယ် ကယ်ဆယ်မည့်ဘုရား တည်ထား၍ ဘုရားထီးတင်ပွဲလာရောက်ကြသော ပရိသတ်အပေါင်း အား ရဲဝံ့စွာ ဟောကြားခဲ့ခြင်း
(ဂ) ၄င်းပွဲတွင် ဟောပြောခဲ့သောဟောပြောချက်များသည် တဆင့်ပြီး တဆင့် သွေးထွက်အောင် မှန်ကန်လျှက် ရှိခြင်းတို့ဖြစ်သည်။
သာသနာ့ထိပ်ခေါင် ဓါတ်ပေါင်းဝိဇ္ဇာ အဘအောင်မင်းခေါင်နာမ်ဓါတ်ကိန်းလျှက်ရှိသော ပုပ္ပားနယ် မကျီးစု ရွာသား မောင်သန့်ကလေး၏ဟောကြားချက်များ(၁) ၁၃၅၃ ခုနှစ် ထဲတွင်စိတ်ထားနှင့် ရုပ်အင်္ဂါညံ့ဖျင်းသောလက်နက်ကိုင်တစ်ဦးက ပြည်သူတို့အပေါ် ဗိုလ်ကျ မင်းမူလိမ့်မည်။
(၂) ဇာတ်တော်ထဲက ကလျာဏတိသမင်းနှင့် ခတ္တိယမင်းတို့ကဲ့သို့ ထိုသူကမင်းအလိုလိုက် မင်းအကြိုက် ဆောင်သည့် နိုင်ငံတော်သံဃာ့ နာယက ဆိုသော သံဃာ့အတုအယောင် အဖွဲ့စည်းကို လက်သပ်မွေး၍ ဗုဒ္ဓ သာသနာတော်ကြီးကို ဖျက်ဆီးပြစ်ရန် အလို့ငှာ သမုတိသံဃာတော်အရှင်သူမြတ်တို့အား ၁၃၆၈ ခုနှစ် တွင် ရိုက်နှက်ဖမ်းဆီး သတ်ဖြတ်လိမ့်မည်၊
(၃) လကာင်္ဒီပတိုင်းရှိ မြို့ရွာများကို ပင်လယ်သမုဒ္ဒရာ လှိုင်းလုံးကြီးများက ဖျက်ဆီးဝါးမျိုးကာ ရေထဲ့သို့ဆွဲချ သွားသကဲ့သို့ မြန်မာနှိင်ငံအတွင်းရှိ မြို့ရွာများကိုလည်း ၁၃၆၉ ခုနှစ် တွင် ပင်လယ်သမုဒ္ဒရာ လှိုင်းလုံးကြီးများ ၏ ဖျက်ဆီးဝါးမျိုချင်းခံရပြီး ပင်လယ်သမုဒ္ဒရာအတွင်းသို့ ဆွဲချခြင်းခံရလိမ့်မည်။
(၄) မင်းဆိုးမင်းညစ် ထိုသူ၏မယားဖြစ်သူတို့၌ ကုသ၍လုံးဝမပျောက်ကင်းနိုင်သည့် ရောဂါဝေဒနာဆိုးကြီးများ စွဲကပ်လာမည်။ ၁၃၇၀ ခုနှစ် ၌ ထိုသူ၏မယားသည် ငါးပိုင်းရောင်လေဖြန်းသောရာဂါကြောင့် အိပ်ရာထဲမှ မထနိုင်ပဲ ကုတင်ပေါ်တွင်လူသေကောင်သကဲ့သို့ ပက်လက်နေရမည်။ ၁၃၇၁ခုနှစ်တွင် ထိုသူသည် ဦးနှောက် သွေးကြောပြတ်သွားသောကြောင့် စကားမပြောနိုင်တော့ပဲ လူသေကောင်ကဲ့သို့ အိပ်ယာထဲတွင် အသက်ငင် နေမည်။ ၁၃၇၁ ခုနှစ် ထိုလင်မယားနှစ်ဦးစလုံးခုနှစ်ရက်ခြား၍ ရှေ့ဆင့်နောက်ဆင့် သေကြေပျက်စီးကာ မိုက်ဇာတ်သိမ်းလိမ့်မည်။
စာရေးသူသည် အရညဝါသီ တောရပ်မှီ၍ တရားအားထုတ်ရန်အတွက် ပုပ္ပားတောင်တော်မြတ်၏ အရှေ့ မြောက်ဖက် အရပ်တွင်ရှိသော မကျီးစုရွာကလေးသို့ ရောက်ရှိခဲ့စဉ်က တွေ့ကြုံသိရှိရသည်များကို တင်ပြ ထားခြင်း ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါကလည်းကောင်း၊ သာသနာပြုထိပ်ခေါင် ဓာတ်ပေါင်းဝိဇ္ဇာ အဘအောင်မင်းခေါင်၏ နာမ်ဓာတ်ကိန်းလျှက်ရှိသော မောင်သန့် ကလေးထံသို့ သွားရောက်တွေ့ဆုံလိုပါက လည်းကောင်း ပုပ္ပားတောင်ခြေဈေးတန်းသို့ ရောက်အောင်လာခဲ့ပါ။ ပုပ္ပားမှတဆင့် မကျီးစုရွာသို့လှည်းငှား၍ တစ်နေ့ခရီးဆက်ရမည်ဖြစ်သည်။ မကျီးစုရွာရောက်လျှင် အစစအရာရာ အဘကအားလုံးတာဝန်ယူပါသည်။
အောင်သိုက်ဝင်(အရညဝါသီ)
အပြည့်အစုံသို့...
ပြန်ခေါက်ထားရန်...